Rain or Shine ... Be My Valentine
Sunshine on our face,
No matter what the weather,
The look of love won't be replaced.
The silent sound as rain falls,
The brilliance of the sun.
They only promise radiance,
Caused by either one.
Let it rain, or let it shine,
It won't matter none.
You're such a lovely Valentine,
In either rain, or sun.
Let it snow, let it hail,
Earth blanketed with white.
It won't prevent our day,
Or deny the magic of our night.
It's More Than Saying I Love You
We give on this day candy and flowers,
But we never stop to say thank you for the many hours.
You have stood by my side and gave a smile,
As if to tell our hearts it's been worth every mile.
No need to buy a teddy bear or even a card,
It's pretty simple and not at all hard.
Just put your arms around me and hold me tight,
And say without words that in your heart all is right.
You may say I Love You throughout the year,
But on this day you need to make sure.
The words so sweet and straight from your heart,
That your life would be lonely without my part.
So put forth the effort and take the time,
Look me in the eye and say I'm glad you're mine.
မိုး
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။
အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။
အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
(တာယာမင်းဝေ)
ချစ်သူ...သို့
သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
..
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။
(တာယာမင်းဝေ)
ချစ်လွန်းသူ
ခဏလေးပဲ
အဲဒီခဏလေးမှာ
မင်းညာနေမှန်း ငါသိနေလည်း
နောက်ထပ်ညာဖို့
ငါ တောင်းဆိုနေမိတယ်...ပထမအကြိမ် အညာခံရတာ
ငါညံ့လို့ဆိုပေမယ့်
ဒုတိယအကြိမ်မှာတော့
ငါချစ်လို့ပါ....
မဆုံနိုင်တာ သိပေမယ့်
မကုန်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့
နက်နက် ရှိုင်းရှိုင်း
မျှော်လင့်နေအုံးမှာပါ...
အများကြီးမဟုတ်ပါဘူး
တစ်ခုတည်းပါ...
တစ်ဘ၀လုံး ငါ့ကို ဆက်ညာပေးပါ..
ကောင်းကင်ကြီး ပြိုကျသွားတဲ့အထိပေါ့...
နောက်ဆုံး ထွက်သက်ထိပေါ့...။ ။
အာဘွားးးး
တစ်ပတ်အတွင်းမိုးလေ၀သခန့်မှန်းချက်
ယနေ့အတွက်မိုးလေ၀သခန့်မှန်းချက်များအရ…
အရှေ့အပေါ်ပိုင်းဒေသ သူ့မျက်ဝန်းများတွင်.. အင်အားအတန်သင့်ပြင်းထန်သည့် မုန်တိုင်းငယ်တစ်ခု အစပျိုးနေပြီး…ဆက်စပ်
ဒေသဖြစ်သော နှာခေါင်းတောင်တန်းဒေသမှာလည်း အတန်သင့် ပွစိပွစိ ဖြစ်နေကြောင်း တွေ့ရှိရပါသည်..ထို့ပြင်
ထိုမုန်တိုင်းနှင့် တစ်ဆက်တည်း သူ၏ နှုပ်ခမ်းများလည်း ရှေ့သို့ အတန်ငယ် ဆူထွက်နေကြောင်း
တွေ့ရှိရပါသည်….
နောက်တစ်နာရီအတွင်း ခန့်မှန်းချက်အရ… ထိုမုန်တိုင်းသည် အတန်ငယ်အားကောင်းလာ၍ မုန်တိုင်းနှင့်အတူပါလာသော
သူ၏လက်များမှာ ကျွန်တာ်၏ ခေါင်းပေါ် ဂုတ်ပိုးပေါ်ကို ကျရောက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်…
သို့သော်…ကျွန်တော်၏ အရှေ့ဘယ်ဘက်အခြမ်း ရင်ဘက်ထဲတွင်ရှိသော အချစ်များမှာ ထိုမုန်တိုင်းကို ကောင်းစွာခံနိုင်ရည်ရှိပြီး…
လတ်တလောကြိုတင်ပြင်ဆင်မှုများအနေဖြင့် ကျွန်တော်၏ မျက်နှာကို အချိုဆုံးထားသင့်ပြီး နှုပ်ခမ်းများကိုလည်း
အစွမ်းကုန်ပြုံးကာ ကျွန်တော်၏ လက်များမှလည်း သူကြိုက်တတ်သော အချဉ်ထုပ်မုန့်ထုပ်များကို
ဆွဲကိုင်ထားကာ ထိုမုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါသည်
ထိုမုန်းတိုင်း၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် တစ်ပတ်အတွင်းတွင် လက်ဆောင်ဖိုး
မုန့်ဖိုးများနှင့် ဖုန်းဖိုးများ ပို၍ ကုန်နိုင်ဖွယ်ရှိကြောင်းနှင့် တစ်ပတ်အတွင်း
အတူတွေ့ခွင့် လက်ကိုင်ခွင့်နှင့် အားဘွားရှလူးခွင့်များ ဆုံးရှုံးကာ နိုင်ငံတစ်ကာ အချစ်ဒုက္ခသည်စခန်းတွင်
ယာယီဒုက္ခသည် အဖြစ် တစ်ပတ်ခန့် နေနိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းရပါသည်….
ယနေ့မိုးလေ၀သ အစီအစဉ် ဒီတွင်ပြီးဆုံးပါပြီ…. ရွှင်လန်းချမ်းမြေ့နိုင်ပါစေ…
ညရဲ့မ
သူနဲ့ဆုံတဲ့ ည...
သံစဉ်တွေ မတီးခတ်ပေမယ့်..
အချစ်တွေ ခုန်ပေါက်တဲ့ ည....
ဒီည...
သူနဲ့ဆုံတဲ့ ည...
ဝိုင်ချိုအီတွေ မရစ်မူးပေမယ့်...
ရင်ခုန်သံတွေ နစ်မွန်းတဲ့ ည...
ဒီည...
သူနဲ့တွေ့တဲ့ည...
ကြယ်စင်တွေ ကြွေမကျပေမယ့်...
အိမ်မက်တွေ မြေခတဲ့ ည...
ချိုအီအီသူ့အပြုံး
ရင်ခုန်လွန်းလို့ သိမ်းထားတဲ့ ည..
မာယာမပါ
ဖြူစင်လွန်းလို့ သိမ်းထားတဲ့ ည...
တစ်ကယ်ပါ...
ချစ်လွန်းလို့ သိမ်းထားတဲ့ ည...
(နောက်ဆုံးတော့)
တစ္ဆေတစ်ကောင်လို..
အလင်းပျောက်မှ ရောက်
ဖျက်ကနဲပေါ်ပြီး
ဖျက်ကနဲ ပျောက်တဲ့ ည...
အလွမ်းတွေနဲ့ထုပ်ပိုး..
အထီးကျန်မှုတွေနဲ့ အဆုံးသတ်တဲ...
ငါ.....ထာဝရသိမ်းထားမယ့်....ည ရဲ့ မ....။ ။